26 C
Yangon

မတ္တရာမြို့နယ်တွင် ရှမ်းမန်း စစ်ဆင်ရေး ၂ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရရှိပြီး ကား ၄ စီးနှင့် လက်နက် ၁၄ လက် သိမ်းဆည်းရရှိ

Must read

မတ္တရာမြို့နယ်တွင် ရှမ်းမန်း စစ်ဆင်ရေး ၂ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရရှိပြီး ကား ၄ စီးနှင့် လက်နက် ၁၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဆောင်ရွက်ခဲ့သော ရှမ်းမန်းစစ်ဆင်ရေး ၂ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရရှိပြီး လက်နက် ၁၄ လက် သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့ အထိ ၂ ရက်တာကာလအတွင်း ပြင်ဦးလွင်ခရိုင်ပကဖ နှင့် မတ္တရာမြို့နယ် ပကဖ တိုက်နယ် ၃ တို့က ရှမ်းမန်းစစ်ဆင်ရေးကို လက်တွဲညီညီ ဟန်ချက်ကျကျဖြင့် မတ္တရာ မြို့နယ်တွင်း ဖြတ်တောက်ရေး ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆင်ရေး ဆောင်ရွက်မှုတွင် စစ်သုံ့ပန်း ၁၆ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လက်နက်ပေါင်း ၁၄ လက် သိမ်းဆည်းရရှိရာတွင် MA 13 – ၁ လက်၊ MA 11 – ၁ လက်၊ MA 4 – ၁ လက်၊ BA72K – ၁ လက်၊ G 3 – 9 လက်၊ ခြောက်လုံပြူး ၁ လက်တို့ကို သိမ်းဆည်းရမိသည့်အပြင် စစ်ကူလာသည့် စစ်ကြောင်းကို မိုင်း ၁၆ ကြိမ် ဆွဲနိုင်ခဲ့ကြောင်း၊ စစ်ကူ ကား၅ စီးကိုလည်း ဖြတ်တောက်နိုင်ခဲ့ပြီး ကား ၄ စီးကိုလည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article