28 C
Yangon

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးနယ်မြေ ရဲစခန်းကို PDF တပ်များက သိမ်းပိုက်လုနီးပါး အခြေအနေတွင် စစ်ကောင်စီက လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲနေ၍ ပြည်သူများထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာ နယ်မြေ ရဲစခန်းကို PDF တပ်များက သိမ်းပိုက်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီး စစ်ကောင်စီကလည်း ရဲစခန်းကို လက်မလွှတ်ရရေးအတွက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ဗုံးကျဲနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ စဥ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ နွယ်ရုံရဲစခန်း အပါအဝင် စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ပြီးနောက် ပင်လယ်ကြီးကျေးရွာနယ်မြေရဲစခန်းကိုလည်း တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး နှစ်ဖက် တိုက်ပွဲ အလွန်ပြင်းထန်နေကြောင်း၊ စစ်တပ်ဘက်မှ အထိနာ၍ ပင်လယ်ကြီးကျေးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လုနီးပါး အခြေအနေ ရောက်ရှိနေကြောင်း သိရှိရသည်။

“ပင်လယ်ကြီး စစ်ဆေးရေးဂိတ် လက်မလွတ်ရရေး စစ်တပ်မှ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေပါတယ်/ ပင်လယ်ကြီး စစ်ဆေးရေးဂိတ်အနီးမှာရှိတဲ့ လက်ပံလှကျေးရွာကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေကျဲချမှုကြောင့် ပြည်သူများ သေဆုံးထိခိုက်မှု များနေတယ်။ ပြည်သူတွေလည်း ရွာထဲမှာပဲ ပိတ်မိနေပါတယ်။

ပင်လယ်ကြီးစခန်းက အပြီးပြတ်တော့ မရှင်းနိုင်သေးဘူး။ လေယာဉ်နဲ့ ဆက်တိုက် ဗုံးကျဲချနေသေးတယ်။ နောက်တစ်ခါ ကျောက်မြောင်းစစ်ကောင်စီတပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေပြီး လူနေရပ် ကွက်ထဲကို ကျရောက်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြာင့် ပျက်စီးသွားသော ပြည်သူ့နေအိမ်အများအပြားရှိနေပြီး အခြေအနေအသေးစိတ်ကို သိရှိရန်မှာ မလွယ်ကူသေးကြောင်း၊ ပင်လယ်ကြီးကျေးရွာ နယ်မြေရဲစခန်းကိုလည်း မကြာမီ သိမ်းပိုက်ရရှိနိုင်ဖွယ်ရှိပြီး သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းတော်လန်သတင်းရင်းမြစ်တချို့က ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article