26 C
Yangon

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုအပေါ် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ နိုင်ငံ ၇ ခုကို ပါဝင်ခွင့်ပြု

Must read

ရန်ကုန်၊ ဇူလိုင် ၄

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုအပေါ် တရားလိုဂမ်ဘီယာဘက်မှ နိုင်ငံ ၇ ခုကို ပါဝင်ခွင့်ပြုလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ကြေညာသည်။

တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နှင့် မော်လ်ဒိုက်တို့ကို ပါဝင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြော်ငး ICJ တရားရုံးက ယမန်နေ့ ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့တရားရုံးဟု လူသိများသော ICJ တွင် ဂမ်ဘီယာဘက်မှ ပါဝင်ဆောင်ရွက်ခွင့်ပေးရန် နိုင်ငံများက တောင်းဆိုခဲ့ကြသည်။

“သက်ဆိုင်ရာနိုင်ငံ ခုနစ်ခုရဲ့ တင်ပြလိုတဲ့ အကြောင်းအရာတွေနဲ့လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး တရုံးကို စာရေးပြီး တင်ပြခွင့်ပြုမှာပါ။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို တရားရုံးမှာ ထွက်ဆိုချက်ပေးဖို့ အခွင့် ရှိ၊ မရှိ တရားရုံးက နောက်ပိုင်းမှာ ဆုံးဖြတ်ပါမယ်” ဟု ICJ က ထုတ်ပြန်ပြောဆိုသည်။

မွတ်စလင်အများစုနေထိုင်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့သည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို အပြည့်အစုံကြားနာရန် လမ်းခင်းခဲ့သော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးပေ။

ဓာတ်ပုံ – ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု၏ အဓိက တရားခံ အကြမ်းဖက် မင်းအောင်လှိုင်။

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု၏ အဓိက တရားခံ အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article