27 C
Yangon

ရွာငံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

Must read

ရွာငံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF -JPRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရွာငံမြို့နယ်၊ ရေချမ်းရွာနှင့် ၀က်ကဘူးရွာ အကြား လမ်းပိုင်းတစ်နေရာတွင် စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ပြင်းထန် ဒဏ်ရာရရှိကာ ထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ခဲယမ်း အသုံးအဆောင် ပစ္စည်းများ နှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့နှင့် အမှတ် 515 PDF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက် ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article