27 C
Yangon

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၁ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၁ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၁ ရက်မြောက်နေ့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် မိုးမိတ်မြိုနယ်၊ လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာ အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA PDF ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၃၄၈ ၊ ခလရ ၂၂၃ ၊ ခလရ ၂၇၆ တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ဒုံးတပ် (၆၀၆) တပ်စခန်းတွင် ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်းကို ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် Jet Fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article