27 C
Yangon

KNU စစ်ဦးစီးချုပ်နှင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သည်ဆိုသော သတင်းအမှားများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ပြီး ကရင်တိုင်းရင်းသားများအကြား မညီညွတ်မှုနှင့် မယုံမကြည်ဖြစ်စေရန် လုပ်နေ

Must read

KNU စစ်ဦးစီးချုပ်နှင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သည်ဆိုသော သတင်းအမှားများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ပြီး ကရင်တိုင်းရင်းသားများအကြား မညီညွတ်မှုနှင့် မယုံမကြည်ဖြစ်စေရန် လုပ်နေ

ရန်ကုန်၊ ဇူလိုင် ၆

ကရင်အမျိုးသားအစည်းအရုံး-KNU စစ်ဦးစီးချုပ်နှင့် ခေါင်းဆောင်ပိုင်း အပြောင်း အလဲဖြစ်သည်ဆိုသော သ တင်း အမှားများကို စစ်ကောင်စီက ရည် ရွယ်ချက် ရှိရှိ ထုတ်လွှင့်ပြီး ကရင်တိုင်းရင်းသားများအကြား မညီညွတ်မှုနှင့် မယုံမကြည်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လတ်တလော KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီကို ရာထူးမှ ဖယ်ရှားပြီး ယခင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို နာယကနေရာမှ အပြီးတိုင် ဖယ်ရှားသည်ဆိုသော လုပ်ကြံသတင်းများ အပါအဝင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သည်ဆိုသော ကောလာဟလ သတင်းများကို စစ်ကောင် စီဘက်က ဖြန့်ဝေ ကြောင်း၊ အဆိုပါ လုပ်ကြံသတင်းများမှာ မှန်ကန်ခြင်းမရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။

“အဲဒီ သတင်းက လုံးဝ မဟုတ်ပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်မှာ အထူးသဖြင့် KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနဲ့ အဲဒီ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာ အကောင် အထည် ဖော်တဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေး အခန်းကဏ္ဍလည်း ပုံမှန်အတိုင်းပါပဲ။ သူလုပ်စရာရှိတာ လုပ်နေတာပဲ ဆိုတော့။ ကျွန်တော်တို့ကလည်း အဲဒီအပေါ်မှာ ဘာမှကို တုန်တုန်လှုပ်လှုပ် ဖြစ်စရာ ဘာတစ်ခုမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ပေါ်လာတဲ့ သတင်းတွေကတော့ ဘာမှ အခြေအမြစ်မရှိဘူးလို့ပဲ ပြောရမယ်။ လက်ရှိကာလမှာ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌသည် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းထဲမှာရှိတဲ့ တာဝန်အကြီးဆုံး အမြင့်မားဆုံးမှာ တာဝန်ယူတဲ့သူ ပုံမှန်အလုပ်လုပ်နေတာပဲ။ တပ်မဟာတိုင်းမှာလည်း သူ့ဆိုင်ရာ ဆိုင်ရာ စစ်ရေးနိုင်ငံရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်နေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် စစ်ရေး၊ နိုင်ငံရေးအရ အရှုံးများစွာနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီက KNU အတွင်း မညီညွတ်မှုနှင့် စည်းလုံးမှုများ ပြိုကွဲစေရန် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

” ဒီနေ့ ဒီအချိန် ဒီကာလမှာ စစ်ကောင်စီဘက်ကနေ ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်ပေါင်း ၃၀ ကျော်က ကျွန်တော်တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ စစ်ရေးနိုင်ငံရေးအခြေအနေနဲ့ ဒီနေ့ ဒီကာလ စစ်ကောင်စီရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေးအခြေအနေ လုံးဝ မတူတော့ဘူးလေ ။ နေရာတိုင်းမှာ ရှုံးပွဲတွေ ဆက်နေတယ်လေ ။ နေရာတိုင်း ဘယ်ဘက်က ကြည့်ကြည့် ရှုံးပွဲတွေ ဆက်နေတဲ့ အခါကျတော့ သူက ရလိုရငြား အဖတ်ဆယ်တဲ့အနေနဲ့ အခုကတော့ အထူးသဖြင့် ကျွန်တော်တို့လို အဖွဲ့အစည်းကြီးမျိုးဆိုရင်တော့ အဖွဲ့အစည်းတွင်းမှာ မညီမညွတ်ဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲမှားအောင် အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ ပျက်ပြားအောင် အဲဒီလိုမျိုး ထိုးခွဲနေတဲ့ဟာတွေ တောက်လျှောက်လုပ်လာတဲ့ အပိုင်းတော့ ရှိတယ်။ ဒါပေမဲ့ ခုန ကျွန်တော် ပြောသလိုပဲ စစ်ရေးအခြေအနေက လုံးဝမဟန်တဲ့အခါကျတော့ ဘယ်လောက်ပဲ ထိုးထိုး ဘယ်လောက်ပဲ လုပ်လုပ် ကျွန်တော်တို့ ဒီနေ့ ဒီ ကာလမှာ လက်တွဲပြီးလုပ်နေတဲ့ အပိုင်းတွေက ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ လုံးဝမတူဘူးဆိုတာ အဲဒါကတော့ ကျွန်တော်တို့ သေချာပြောလို့ရတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီဘက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားနေတုန်းပဲဆိုတာကို အဲဒါတော့ ပြောပြချင်တယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

KNU အနေဖြင့် NUG အပါအဝင် တိုင်းရင်းသားများနှင့် လက်တွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ဆုံးဖြတ် ချက်ချ ထားပြီး ရည်မှန်းချက်များကို ပူးတွဲအကောင်အထည်ဖော်လျက်ရှိကြောင်း KNU က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ – KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article