28 C
Yangon

စဉ့်ကူးမြို့ပေါ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ် အသိုင်းအဝိုင်းများ မြို့ကို စွန့်ခွာထွက်ပြေးနေပြီး စက်သုံးဆီများလည်း ပြတ်လပ်နေ

Must read

စဉ့်ကူးမြို့ပေါ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ် အသိုင်းအဝိုင်းများ မြို့ကို စွန့်ခွာထွက်ပြေးနေပြီး စက်သုံးဆီများလည်း ပြတ်လပ်နေ

■ ထုံးကြီးနှင့် တောင်အင်းရွာမှ စစ်ကောင်စီ တပ်သားများကလည်း PDF များ တိုက်ခိုက်မည်ကို စိုးရိမ်၍ တံတား ၃ စင်းကို ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၆

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ် အသိုင်းအဝိုင်းမှ မိသားစုဝင်များ မြို့ကို စွန့်ခွာထွက်ပြေးနေပြီး စက်သုံးဆီများလည်း ပြတ်လပ်နေကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့မှစ၍ စဉ့်ကူးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ် အသိုင်းအဝိုင်းမှ မိသားစုဝင်များ မြို့ကို စွန့်ခွာထွက်ပြေးနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ရွှေဘို-စဉ့်ကူး လမ်းပိုင်းကို ပိတ်ဆို့ထားပြီး ဆီကားများကို ဖြတ်သန်းခွင့် မပေးတော့သောကြောင့် စဉ့်ကူးမြို့ပေါ်တွင် ဓာတ်ဆီဝယ်ယူ၍ မရတော့ကြောင်း သိရသည်။

“စဉ့်ကူးမြို့ပေါ်မှာ ဘောမ အုပ်စုတွေတော့ လစ်ကုန်ကြပြီ စဉ့်ကူးမြို့ပေါ်က စစ်ကောင်စီ ယန္တရား ​အောက်မှာလည်ပတ်​နေတဲ့ အောက်ဆွဲ​တွေလဲ လစ်ကုန်ကြပြီး ၃ ရက်လောက်ရှိနေပါပြီ စဉ့်ကူးမြို့ပေါ်က ရဲစခန်း၊ မီးသတ်နဲ့ ဝန်ထမ်းအိမ်ရာတွေမှာ လူမရှိတော့ဘူး။ ၁ ရက်နေ့ကစပြီး လစ်ကုန်ကြတာ” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စဉ့်ကူးမြို့နယ် ကျေးရွာတချို့မှ ပျူစောထီးများနှင့် ၎င်းတို့ မိသားစုဝင်များလည်း ထုံးကြီးရွာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ထုံးကြီးရွာတွင် ခံစစ်ပြင်ဆင်နေကြကြောင်း သိရသည်။

ထုံးကြီးရွာနှင့် တောင်အင်းရွာမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်မည်ကို ကြောက်လန့်နေပြီး ထုံးကြီး-တောင်အင်း အကြားရှိ နတ်မင်းတံတား ၊ တောင်အင်း-ရွှေပြည်ရွာ အကြားရှိ ကိုင်းချောင်းတံတားနှင့် အသားတံတားတို့ကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“မြို့နယ်ထဲက ကျေးရွာတချို့က ပျူစောထီး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ၎င်းတို့ မိသားစုဝင်တွေလည်း လစ်ကုန်ပြီ ထုံးကြီးရွာမှာ သွားစုနေတယ် ထွက်ပြေးတဲ့ ပျူစောထီးတွေ အားလုံး” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article