25 C
Yangon

ဘဏ်ဂယက်နောက်ဆက်တွဲ ဒေါ်လာစျေးနှင့် ရွှေစျေးနှုန်းများ ထိုးတက်ပြန်၊ အမေရိကန်တစ်ဒေါ်လာ ၄၈၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၈ သိန်းခွဲဝန်းကျင်စျေးပေါက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက အရေးယူမှုနေခြင်းနှင့် ဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်လိုက်ခြင်းတို့ကြောင့် နောက်ဆက်တွဲ ရွှေစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းမှာ တစ်ဖန် ထိုးတက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နေပြည်တော်တွင် စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို ခေါ်ယူတွေ့ဆုံ၍ ငွေကြေးတည်ငြိမ်ရေး စစ်ကောင်စီနှင့်ပူးပေါင်းရန်၊ စျေးကစားမှုနှင့် လက်ဝါးကြီးအုပ်မှုများကို ဥပဒေအရ အရေးယူမည်ဟု ခြိမ်း ခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ဘဏ်များတွင် ငွေသားထုတ်ယူရရှိနိုင်မှု အခြေအနေမှာလည်း ဆိုးဝါးနေကြောင်း၊ အဆိုပါ အခြေအနေများကြောင့် ရွှေစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းမှာ တစ်ဖန်ပြန်လည် မြင့်တက်လာကြောင်း သိရှိရသည်။

“အရွက်စျေး(အမေရိကန်ဒေါ်လာ)က တစ်ဒေါ်လာ ၄၇၇၀ နဲ့ ၄၇၉၀ ကြားထဲမှာရှိတယ်။ အရွက်အဝယ်လိုက်တယ်။ ကျပ်ငွေ မကိုင်ဘဲ ပြန်ထုတ်ကြတာ အတော်များတယ်” ဟု ရန်ကုန်မြို့၏ လက်ကြီး နိုင်ငံခြားငွေလဲဒိုင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် အမေရိကန်တစ်ဒေါ်လာ ၄၈၀၀ ကျပ်နှင့် ၄၈၅၀ ကျပ်အကြား ရောက်ရှိနေကြောင်း သိရှိရသည်။

ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၃ သောင်းနှင့် ၅၈ သိန်း ၅ သောင်းအကြား​ စျေးပေါက်နေပြီး အမြင့်ပိုင်းသို့ ဦးတည်နေကြောင်း၊ ရွှေဝယ်လိုအားလည်း များပြားနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာအပါအဝင် အိမ်နီးချင်း ထိုင်းဘတ်၊ တရုတ်ယွမ်ငွေများနှင့် လဲလှယ်ရာတွင်လည်း စံချိန်တင် တန်ဖိုးကျဆင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်ရှိ ATM ငွေထုတ်စက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်ရှိ ATM ငွေထုတ်စက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article