28 C
Yangon

မြင်းခြံတွင် ပြည်သူများထံမှ ငွေသိန်းချီ တောင်းခံရပြီး အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားအောင် ကျူးလွန်နေသည့် စစ်ကောင်စီ တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းခြံတွင် ပြည်သူများထံမှ ငွေသိန်းချီ တောင်းခံရပြီး အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားအောင် ကျူးလွန်နေသည့် စစ်ကောင်စီ တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပြည်သူများထံမှ ငွေသိန်းချီ တောင်းခံရပြီး အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားအောင် ကျူးလွန်နေသည့် ကျောက်ကန်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင်၊ အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ မန္တလေး-မြို့သာ-မြင်းခြံလမ်းပိုင်းတွင် ခရီးသွားပြည်သူများထံမှ ငွေသိန်းချီတောင်းခံပြီး အမျိုးသမီးများကို ကာယအိန္ဒြေပျက်ပြားအောင် ကျူးလွန်နေသည့် ကျောက်ကန်ရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ကျောက်ကန်ရွာမှ ပျူစောထီးများသည် မန္တလေးမြို့ကို ထွက်ပြေးသွားခဲ့ပြီး ပစ်ခတ် တိုက်ခိုက်မှုအတွင်း ပျူစောထီး နေအိမ်အချို့ ပျက်စီးကာ ထိခိုက် ဒဏ်ရာရရှိသူများ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမရစစ်သည်တော် ၊ မန္တလေးခရိုင်တပ်ရင်း ၆ ၊တပ်ခွဲ ၂ တပ်ခွဲမှုး ဘဒင် ဦးစီး​သော လက်တွဲတူညီ တပ်ဖွဲ့၊ ဧရာဝတီမင်းသား (ပြောက်ကျားတပ်ဖွဲ့) မြင်းခြံမြို့နယ် ပကဖ ၊ MP9 မြင်းခြံပြောက်ကျားတပ် ၊ ရွှေဂျိူးဖြူ ၊ SLK (ရွှေလယ်ကျွန်း ပြောက်ကျားတပ်ဖွဲ့) ၊ MMDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article