35 C
Yangon

ပုဂ္ဂလိကဘဏ်များတွင် ငွေလာထုတ်သည့် လူစုလူဝေးနှင့် လူတန်းကြီး မဖြစ်ပေါ်စေရေး တုံကင်ပေးပြီး နာရီဖြင့် ပြန်လည် ချိန်းဆိုသည့်စနစ် ကျင့်သုံးရန် စစ်ကောင်စီက ညွှန်ကြား၊ ဘဏ်အကောင့်တစ်ခုလျှင် ယနေ့ ၂ သိန်းမှ ၅ သိန်းအထိသာ အများဆုံးထုတ်ပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ငွေလာထုတ်သည့် လူစုလူဝေးနှင့် လူတန်းကြီးများ မဖြစ်ပေါ်စေရေးအတွက် ငွေထုတ်သူများကို တုံကင်ပေးပြီး နာရီဖြင့် ဘဏ်သို့ ပြန်လာရန် ပြန်လည် ချိန်းဆိုသည့်စနစ် ကျင့်သုံးရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီက ပုဂ္ဂလိကဘဏ် ၇ ခုကို အိမ်ရာချေးငွေများ သတ်မှတ်ထားသည်ထက် ပိုမိုချေးယူမှုအတွက် အရေးယူမည်ဟု ကြေညာခဲ့ပြီးနောက် ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်သူများစွာ လာရောက် တန်းစီ ထုတ်ယူကြကြောင်း၊ ထို့ကြောင့်ပုဂ္ဂလိကဘဏ်များတွင် လူစုလူဝေးနှင့် လူတန်းကြီးများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယင်းသို့ မဖြစ်ပေါ်စေရေး တုံကင်ပေး၍ အချိန်ခွာချိန်းသည့်စနစ် ကျင့်သုံးရန် ဗဟိုဘဏ်က ညွှန်ကြားခဲ့ကြောင်း၊ ဘဏ်များတွင် လူစုလူဝေးဖြစ်ပေါ်ခြင်းကြောင့် အခြေအနေ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး မဖြစ်စေရန် ထိုသို့ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုဘဏ်မှာ လူအုံလာရင် အထဲကို အကုန်သွင်းတယ်။ စာအုပ်တွေကို ထပ်ခိုင်းတယ်။ ပြီးရင် တုံကင်ပေးပြီး လူတွေကို ဘယ်အချိန်မှ ပြန်လာပါဆိုပြီး အချိန်ခွာချိန်းတယ်။ တစ်သုတ်ကို ၁၀ ဦးနဲ့ အသုတ်တွေခွဲ အချိန်တွေခွဲပြီး ချိန်းတယ်။ ဗဟိုဘဏ်က အဲဒီလိုလုပ်ခိုင်းတာလို့ သိရတယ်” ဟု ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ယနေ့ ပုဂ္ဂလိကဘဏ်အများစုတွင် Special Account များကို နံနက်ပိုင်းငွေထုတ်သူများကို တစ်ဦးလျှင်ငွေကျပ် ၅ သိန်း၊ မွန်းလွဲပိုင်း ငွေထုတ်သူများကို တစ်ဦးလျှင် ၂ သိန်းသာပေးပြီး ငွေသွင်းသူ လုံး၀ မရှိကြောင်း၊ မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများကိုလည်း ငွေကျပ် ၅ သိန်းအောက်သာ လက်ခံကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ KBZ ဘဏ်ခွဲတစ်ခုထဲတွင် ထိုင်စောင့်နေကြရသည့် ငွေထုတ်သူ ပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ KBZ ဘဏ်ခွဲတစ်ခုထဲတွင် ထိုင်စောင့်နေကြရသည့် ငွေထုတ်သူ ပြည်သူများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article