27 C
Yangon

KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း စစ်တပ်က ပြည်သူ ၁၃၄ ဦးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၂ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရ

Must read

KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း စစ်တပ်က ပြည်သူ ၁၃၄ ဦးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၂ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၃၄ ဦးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၂ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

၂၀၂၄ ခုနှစ် ပထမ ၆ လတာအတွင်း KNU ကော်သူးလေ အုပ်ချုပ်နယ်မြေတွင် အကြမ်းဖက် စစ်တပ်က ၎င်းတို့၏ အာဏာဆက်လက် တည်မြဲရေးနှင့် နယ်မြေထိန်း ချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုး ဖောက်မှု အမျိုးအစား ၁၀ မျိုး ထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပြည်သူများကို လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ၈၅၀ ကြိမ်၊ ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ၁၂၄၉ ကြိမ်၊ ပြည်သူများကို Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း ၁၀၆ ကြိမ်၊ ပြည်သူများကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း ၁၁ ကြိမ်၊ ပြည်သူများ အသုံးပြုသော လမ်းတွင်မိုင်းထောင်ခြင်း ၃၇ ကြိမ်၊ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း ၂၂ ကြိမ်၊ ပြည်သူပိုင် ပစ္စည်ဥစ္စာများကို မီးရှို့ဖျက်ဆီးခြင်း ၁၈ ကြိမ်၊ ပြည်သူများကို အတင်း အဓမ္မခိုင်းစေခြင်း ၅ ကြိမ်၊ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို အတင်းအဓမ္မယူဆောင်ခြင်း ၄ ကြိမ်၊ ပြည်သူများကို အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း ၁ ကြိမ်တို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လူအခွင့်အရေး ချိုးဖောက်မှု အမျိုး အစား ၁၀ မျိုးအား အကြိမ်ရေ ၂၃၀၃ ကြိမ် ထက်မနည်း ကျူးလွန်ခဲ့ပြီး ထိုလူ့အခွင့် အရေးချိုး ဖောက်မှုများကြောင့် ဒေသ ပြည်သူ ၉၆ ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၃၄ ဦးအသက် သေဆုံးကာ ၄၃၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘုရားကျောင်း ၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်း၊ စာသင်ကျောင်း ၁၄ ကျောင်း၊ ဆေးပေးခန်း ၂ ခန်း၊ ဆေးရုံ ၂ လုံး၊ ပြည်သူပိုင် အဆောက်အဦး ၇၉ လုံး၊ စပါးကျီ ပျက်စီးမှု ၃၂ လုံး၊ စိုက်ပျိုးခြံ ၆ ခြံ၊ နေအိမ် ၁၀၂၄ လုံး ထက်မနည်း ထိခိုက်ပျက်စီး ခဲ့ပြီး ပေါ်တာဆွဲခံရသူ ၂ ဦး၊ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ ၄ ဦး နှင့် ပြည်သူ ၁ ဦးမှာ အတင်း အဓမ္မခိုင်းစေခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ထိုကဲ့သို့ အကြမ်းဖက် စစ်တပ်က ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ရည်ရွယ် ချက်ရှိရှိ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး ပြည်သူလူထု၏ ရပိုင်ခွင့် အခွင့်အရေးများ ကျူး လွန်နေ သည့် အတွက်ကြောင့် အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ ၁,၂၄၄,၄၁၅ ဦးခန့်အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အာဏာစသိမ်းသည့် ၂၀၂၁ မှ ၂၀၂၃ အထိ ထိခိုက် ပျက်စီးမှုများထက် များစွာမြင့် တက်လာပြီး ယင်းအချက်အလက်များသည် ကောက်ခံ ရရှိသော အချက်အလက် များသာဖြစ်ပြီး ကောက်ခံ၍ မရရှိသော အချက်အလက်များ လည်းကျန်ရှိနေနိုင် သေးသည့်အတွက် အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှံးမှုများသည် ဖော်ပြပါ စာရင်းအချက်အလက်များ ထက်များနေနိုင်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article