25 C
Yangon

မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNLA က စစ်တပ် စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

Must read

မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNLA က စစ်တပ် စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ် ၊ မိုးမိတ်မြို့နယ် ၊ သီပေါမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။

မိုးကုတ်မြို့နယ် ကမ္ဘာလုံးစေတီ အနီးတဝိုက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်၏ လပခ၊ ခလရ (၇၁၊ ၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်စခန်း ဆန်ဖိတ်နှင့် (၅၀၃၊ ၅၀၄) စခန်းတို့ကိုလည်း တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် နောင်လိုင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၆ ကြိမ်၊ သဲခေါ်ရွာကို ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article