24.9 C
Yangon

စဉ့်ကူးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ အရှင် ဖမ်းဆီးရမိသူများလည်းရှိ၊ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ

Must read

စဉ့်ကူးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ အရှင် ဖမ်းဆီးရမိသူများလည်းရှိ၊ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ

ရန်ကုန်၊ ဇူလိုင် ၁၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ အရှင်ဖမ်းဆီးရမိသူများလည်းရှိပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများနှင့် စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ရက်နေ့တွင် စဉ့်ကူးမြို့ အနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တောင်အင်းရွာ ပျူစောထီး စိန်သောင်းသေဆုံးပြီး တောင်အင်းရွာနှင့် ရွှေပြည်ရွာ တို့မှ ပျူစောထီး တချို့ကို အရှင်ဖမ်းဆီးရရှိထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က စဉ့်ကူး တံတားထိပ်ကိုလည်း လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး မြို့အနီးအနားရှိ နေရာများကိုလည်း ဂျက်ဖိုက်တာ၊ Mi-35 တို့ဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ၊ ရေတော်ကျေးအုပ်စု ရေချမ်းရွာမှ ပျူစောထီး ခေါင်းဆောင် ဝင်းဆွေကို ကျောက်မြောင်း အကြမ်းဖက် စစ်တပ်မှ စစ်ကောင်စီ တပ်သားများက လာရောက် ကယ်ထုတ်သွားကြောင်း သိရသည်။

“စဉ့်ကူးမှာ တိုက်ပွဲတွေ ဖြစ်နေတာ Mi-35 ၃ ကြိမ်၊ ဖိုက်တာ ၁ ကြိမ် မနက်က လာပစ်သွားတယ်။ အခြေနေကတော့ဘာမှမသိရသေးဘူး။ စဉ့်ကူး မြောက်ဘက်တံတားအနီးမှာ ဖြစ်နေတာ” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article