32 C
Yangon

အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း တာကျိုးမှုဖြစ်ပွားပြီး ရေကြီးရေလျှံကာ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေ

Must read

အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း တာကျိုးမှုဖြစ်ပွားပြီး ရေကြီးရေလျှံကာ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၁၅

မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာ အနီး ဧရာဝတီမြစ်ဘေးက အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ ရဲ့ ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်ငန်းခွင် တာကျိုးပေါက်လို့ အလုပ်သမား ၇ ဦးပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က မနေ့က ပြောဆိုထုတ်ပြန်ပါတယ်။

မနေ့ နံနက် ၈ နာရီခွဲအချိန် အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ ရဲ့ ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်ငန်းခွင် က သဲဖြင့်ကာရံထားတဲ့ တာတံမံမှာ ကျိုးပေါက်သွားတာကြောင့် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀ ဦးအနက် ၇ ဦး ရေနစ်ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

မနေ့ မနက် ၈ နာရီခွဲ အချိန်မှာ တာကျိုးပေါက်မှုစတင်ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသွားတဲ့ အလုပ်သမား ၇ ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းခွင် သီးသန့် တာ ရေဝင်ရောက်မှုဖြစ်ပြီး တခြားသော လူနေရပ်ကွက်တွေကို ရေဝင်ရောက်မှုမရှိဘူးလို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article