ရန်ကုန်၊ ဇူလိုင် ၁၇
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းရှိ ၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးပြီး ခရီးသွားကားနှင့်ကုန်တင်ကားများ ရပ်နားထားရကာ သွားလာမရတော့ဘဲ လမ်းပိတ်ဆို့နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ သထုံ-ဘီးလင်းအကြား ကရင်လေးဆိပ် တံတားသည် မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားကြောင်း ၊ လတ်တလော ခရီးသွား ကားများနှင့် ကုန်တင်ကားများပိတ်ဆို့နေကြောင်း သိရှိရသည်။
“အခုကားတွေပိတ်မိနေတာတော့ အစီး ၁၀၀ လောက်ရှိတယ်။ အဲဒီဘက်က ရှောင်ကွင်းသွားလို့ရတဲ့ လမ်းကြောတော့ မတွေ့သေးဘူး။ နောက်ပြန်လှည့်ရမလား၊ ယာယီတံတားလာထိုးပေးတာစောင့်ရမလားတော့ မသိသေးဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။
မိုင်းကွဲမှုကြောင့် အဆိုပါ ကရင်လေးဆိပ် တံတားသည် မကြာခဏ မိုင်းခွဲခံရသော သထုံမြို့နယ်၊ ရွှေရောင်ပြဓာတ်ဆီဆိုင်အနီးရှိ ကျုံအိတ်တံတားနှင့် အလွန်နီးကပ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar