25 C
Yangon

မိုးကုတ်နှင့် ကျောက်မဲတို့တွင် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်လာ၍ TNLA ပူးပေါင်း တပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး လက်နက် ခဲယမ်း တချို့ သိမ်းဆည်းရရှိ

Must read

မိုးကုတ်နှင့် ကျောက်မဲတို့တွင် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်လာ၍ TNLA ပူးပေါင်း တပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး လက်နက် ခဲယမ်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၇

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး လက်နက် ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

မိုးကုတ်မြို့နယ် (အရှေ့ပိုင်း)တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ပန်းမထိပ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၁၁ နာရီ ၅၇ မိနစ် ခန့်တွင် ကမ္ဘာလုံးစေတီ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကြက်ခြံနှင့် အမှိက်ပုံး နေရာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ် နောင်ပိန်လေးရွာနှင့် နတ်ရေကန် အနီးတဝိုက်တွင်လည်း ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကူအင်ဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသော နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၇ ကြိမ်နှင့် Y12 ဖြင့် ဗုံး ၃၇ လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြိုတွင်းနှင့် သဲခေါ်ရွာကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်း ၃ စီးဖြင့် ဗုံး ၁၈ လုံး နှင့် လက်နက်ကြီးဖြင့် ၄ လုံး ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article