လက်ပံတောင်းတောင်ဒေသသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်ကျရှုံးရေးဟစ်ကြွေးသံများနှင့် သပိတ် ချီတက်
ရန်ကုန်၊ ဇူလိုင် ၁၉
လက်ပံတောင်းတောင်ဒေသသပိတ်စစ်ကြောင်းက ယနေ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု သပိတ်ထွက်ရှိခဲ့ရာတွင် “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကျရှုံးရေးဟစ်ကြွေးသံများနှင့် သပိတ် ချီတက်ခဲ့ကြကြောင်း သိရှိရသည်။