25 C
Yangon

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနှင့်ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တောက်လျှောက် ဗုံးကျဲနေ

Must read

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနှင့်ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တောက်လျှောက် ဗုံးကျဲနေ

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနှင့် ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တောက်လျှောက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၁၈ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ အထိ စစ်ကောင်စီက နေ့ရော ညပါ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနှင့် ချောင်းကြီးကျေးရွာကို ဗုံးကျဲနေကြောင်း၊ Y12 လေယာဉ်များ၊ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့်ပါ ဗုံးကျဲနေကြောင်း သိရှိရသည်။

“လေကြောင်းနဲ့ ဗုံးကျဲနေတာ တောက်လျှောက်ပဲ။ စဉ့်ကူးမြို့နယ် “ကျည် တောက် ပေါက်ရွာနှင့်ချောင်းကြီးရွာကို နေ့ရောညပါလေယဉ်နဲ့ဗုံးကျဲနေတာ။ ပစ်တာကတော့ ချောင်းကြီးရွာထဲပစ်တာပဲ။ အဲဒီမှာကစစ်ကောင်စီတပ်ဖွဲ့ဝင်က ချောင်းကြီးကျေးရွာမှာပိတ်မိနေတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ နဲ့ ဒီနေ့ အထိ ရဟတ် ယာဉ်၊ လေယာဉ်တွေရော ပစ်နေတာပဲ။ ကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကချောင်းကြီးကျေးရွာထဲ၊ အရှေ့ဘက်ခြမ်း ရပ်တော်မူဘုရားတောင် ထိပ်ပေါ်မှာရှိနေတာပါ။ စစ်ခွေးလည်း အောက်လည်းမဆင်းရဲဘူး။ အောက်မှာက တောင်လှန်ရေးရဲဘော်တွေက ဝိုင်းထားကြတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က ဇူလိုင်လ ၁၇ ရက်နေ့ တွင် စဉ့်ကူးမြို့နယ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့တွင် တရားဝင် ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article