26 C
Yangon

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာ အကြမ်းဖက်စစ် တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အ မှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၉ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်မှ ၁ နာရီ ၃၀ မိနစ်အချိန်အထိ ချောင်းဦး မြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ နတ်ရေကန်ကျေး ရွာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို “Shar Htoo WAW နည်းပညာ တိုက် ခိုက်ရေး Fixed Wings Drone များဖြင့် 1 kg AIR BOMB ၈ လုံး ကျ ချ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂိတ်စခန်းမှာက အင်အား ၄၀ လောက်ရှိဦးမယ်၊ ချနေတုန်းက ပြန်ပစ်တာမျိုးတော့မရှိဘူး။ ချပြီး တော့မှ ထွက်လာကြသေးတယ်။စစ်ကြောင်းထွက်လာတာမျိုးတော့မဟုတ်ဘူး။ အရင်ကတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိ၊ ဒရုန်းချပြီးမှ ဒရုန်းချတဲ့ဘက်ကို စစ်ကြောင်းထွက် လာသလိုပုံစံမျိုးထွက်လာတာ၊ ၂ ဦးသေပြီး ၃ ဦးသေတာတော့ အတည်ဖြစ်တယ်၊ ဒဏ်ရာရတဲ့ ဆေးရုံပို့လား၊ မပို့လားတော့ မသိရဘူး” စစ်ကိုင်းခရိုင်အ မှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမိတ္ထီလာ Special Defence Force ၊ ချောင်းဦးမြို့နယ်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article