စဉ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေး၊ ရေးဘေး ဒုက္ခသည်များကို စားနပ်ရိက္ခာများ လှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၂၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် နှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေး၊ ရေးဘေးတို့ကြောင့် ဒုက္ခရောက်နေကြသော ပြည်သူများကို စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံ ကိုနေမင်းသန့် ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ မြစ်ကမ်းကြီး ရွာ၊ နှမ်းဘက်တဲရွာတို့မှ စစ်ရေး၊ ရေဘေးသင့် ဒုက္ခသည်ပြည်သူ ၂၀၀ ကျော်နှင့် ဝက်လက်မြို့နယ်၊ ရွာသာကျေးရွာမှ စစ်ဘေး၊ ရေးဘေးသင့် ဒုက္ခသည် ၉၀ ကျော်တို့ထံ အရောက်သွားခဲ့ပြီး ဆန်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်၊ရှူးရှဲလက်ဖက်စသည့်စားနပ်ရိက္ခာများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းနိုင်ရန် ကူညီပေးခဲ့ကြသည့် အလှူရှင်များကို ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း တာဝန်ခံ ကိုနေမင်းသန့်က ပြောဆိုသည်။