26 C
Yangon

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားနှင့် အကျဉ်းသူ အများအပြားကို ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်များကို ပြောင်းရွှေ့

Must read

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားနှင့် အကျဉ်းသူ အများအပြားကို ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်များကို ပြောင်းရွှေ့

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားနှင့် အကျဉ်းသူ အများအပြားကို ဒိုက်ဦး အကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့‌ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းသူများကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဒိုက်ဦးအကျဉ်းထောင်ကို အမျိုးသား ၂၀၀ ဦးနှင့် အမျိုးသမီး ၆၀ ဦး ပြောင်းရွှေ့ခဲ့ကြောင်း၊ သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်သည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိနိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်‌နေတာဟာ အကျဉ်းဦးစီးဌာက စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ သေချာအကွက်ချ စီမံထားတဲ့ ထောင်ပြောင်းရွေ့မှုတွေ ဖြစ်ပါတယ်။ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကနေစပြီး လာမယ့် ဩဂုတ်လ ၈ ရက်နေ့ ၈၈၈၈ အထိ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ ထောင်တွင်းလှုပ်ရှားမှုတွေ ပြုလုပ်တာမျိုး မဖြစ်ပေါ်အောင် လူစုခွဲနေခြင်းဖြစ်ပါတယ်။ သူတို့ဘယ်လောက်ပဲ ထောင်ပြောင်းလုပ်လုပ် ရောက်တဲ့အကျဉ်းထောင်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြည်သူနှင့်အတူ လှုပ်ရှားမှုတွေကို အမြဲလှုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတာကိုလည်း အကျဉ်းဦးစီးဌာနကို ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ထိုသို့ ထောင်အပြောင်းအရွေ့များ လုပ်ဆောင်သည့်အတွက် မိသားစုဝင်များ ထောင်ဝင်စာပို့ရာတွင် ယခင်ကထက် ပိုမိုခက်ခဲလာမည်ဖြစ်ပြီး ပါဆယ််ပို့ရန်အတွက် ပုံမှန် တစ်သိန်းသုံးရသည့် အခြေခံ လူတန်းစားမိသားစုတစ်စုဆိုပါက ယခုအချိန်တွင် ပါဆယ်ပို့ရန်အပြင် ကားခနှင့် တည်းခိုစရိတ်ပါ ထပ်ပိုးကုန်ကျတော့မည်ဖြစ်၍ ပုံမှန်ပို့နိုင်ရန် မလွယ်ကူသည့် အခြေအနေများနှင့် ကြုံရနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article