24 C
Yangon

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ဒု-အရာခံဗိုလ် ရွှေသိန်း အပါအဝင် တပ်သား ၈ ဦးကို အရှင်မိပြီး သေနတ် ၂၃ လက် သိမ်းဆည်းရရှိ

Must read

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ဒု-အရာခံဗိုလ် ရွှေသိန်း အပါအဝင် တပ်သား ၈ ဦးကို အရှင်မိပြီး သေနတ် ၂၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ဒု-အရာခံဗိုလ် ရွှေသိန်း အပါအဝင် တပ်သား ၈ ဦးကို အရှင်မိပြီး သေနတ် ၂၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ က ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာရှိ ဒု-အရာခံဗိုလ် ရွှေသိန်း ဦးစီးသော တတက-၁၃ ထုတ်နုတ် အင်အား (၁၆) ဦး အခြေပြုထားသော စစ်ဆေးရေးဂိတ် နှင့် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၅ ဦး နှင့် တပ်ကြပ် ၃ ဦး သေဆုံးပြီး ဒု-အရာဗိုလ် ရွှေသိန်း၊ တပ်ကြပ်ကြီး ၄ ဦးနှင့် တပ်ကြပ် ၃-ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၂၃ လက်၊ ကျည်မျိုးစုံ ၃၃၇၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးနှင့် ကျည်အိမ် ၉၉ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း-၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ၊ သပိတ်ကျင်းမြိုနယ်/တကောင်းတိုက်နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဗုံးကျဲ တိုက်ခိုက်ခြင်းများ ပြလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article