29.5 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ၏ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ၏ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီ၏ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်း တစ်နေရာတွင် စစ်ကောင်စီတပ်သားများ အပြည့်လိုက်ပါလာသော စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်ပေါ်ပါ စစ်သား ၅ ဦး ဒဏ်ရာရရှိသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း၊ အသက် အန္တရာယ်စိုးရိမ်ရဒဏ်ရာရရှိသော စစ်သားအများအပြားလည်း ပါရှိပြီး ဒဏ်ရာရ စစ်သားများ သေဆုံးနိုင်ခြေများပြားကြောင်း သိရှိရသည်။

“ပွဲချင်းပြီးက ၅ ဦးသေဆုံးပါတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရထားတာ။ တချို့ဆိုရင် ခေါင်းထဲကို မိုင်းစမှန်ထားပြီး ဆေးရုံမှာအသက်လုပ်နေရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုမှာ မြင်းခြံခရိုင်တပ်ရင်း ၄ မှ ဗိုလ်တွံတေး ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာမှ မန္တလေးဘက်သို့ စစ်ကူပို့သည့် စစ်ကားနှစ်စီး အင်အား၅၀ကျော်ကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်အမှတ်၄တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article