25 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၃၇ ရွာတွင် ပအဖနှင့် ပကဖ အဖွဲ့များ ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး လုပ်ဆောင်နေ

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၃၇ ရွာတွင် ပအဖနှင့် ပကဖ အဖွဲ့များ ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး လုပ်ဆောင်နေ

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၃၇ ရွာတွင် ပအဖနှင့် ပကဖ အဖွဲ့များ ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး လုပ်ဆောင်နေကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ၁၃၇ ရွာမြောက် ရပ်ကျေး ပအဖများနှင့် ပကဖများ ဖွဲ့စည်းနိုင်ခဲ့ပြီး ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွား ရန်အတွက် လုပ်ဆောင် နေကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်ကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကျေး ပအဖများနှင့် ပကဖများ ဖွဲ့စည်းခြင်း အခမ်းအနားကို မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ တာဝန်ခံ၊ ပကဖ ဒုတာဝန်ခံ၊ တရားရေးဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦး၊ လူသားစာနာ တာဝန်ခံ၊ အခွန်တော် အရာရှိ၊ ဘဏ္ဍာရေးတွဲဘက် တာဝန်ခံ၊ သတင်းပြန် ကြားရေး တာဝန်ခံ၊ သယံဇာတ တာဝန်ခံ၊ စိုက် ပျိုးရေး တာဝန်ခံ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် တာဝန်ခံ၊ မြို့နယ် ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်/ ရဲမေများ တက်ရောက်၍ခဲ့ကြောင်း သိရသည်။

အခမ်းအနားပွဲကို တက်ရောက်လာသော ပြည်သူလူထုများ၏ အများဆန္ဒနှင့် အညီ အဆိုပြု၊ ထောက်ခံ၊ အတည်ပြုခါ၊ ရပ်ကျေး ပအဖ ၇ ဦးကို အသီးသီး ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article