32 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လမ်းကြောင်းများကို တော် လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်လိုက်သဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံချီ နယ် စပ်ကုန်သွယ်ရေး ကျဆင်းသွား၊ ထိုင်းနှင့်တရုတ်နယ်စပ်ကုန်သွယ်မှု အလွန် အမင်းထိုးဆင်း

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံတစ်ဝန်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လမ်းကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံချီ ကုန်သွယ်ရေး ကျဆင်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာန ဝန်ကြီး ထွန်းအုံက စစ်ကောင်စီထံသို့ တင်ပြလိုက်သော အစီရင်ခံစာအရ သိရှိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများအနေဖြင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၉၅ ဘီလီယံရှိပြီး မြန်မာဘက်က ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလီယံ ရှိကြောင်း၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၂၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု ပိုငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၈ ဘီလီယံရှိကြောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၇၅ သန်းရှိပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၀၃ သန်း ရှိခဲ့ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၀၃ သန်းရှိပြီး ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂၅ သန်းရှိခဲ့ပါကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်မှု သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ကုန်သွယ်ရေး၏ ပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၉ ဘီလီယံရှိပြီး နယ်စပ်ကုန်သွယ်ရေး၏ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁၁ ဘီလီယံရှိကြောင်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၄၀ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁၈ ဘီလီယံ ရှိကြောင်း သိရှိရသည်။

သို့ရာတွင် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လမ်းကြောင်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အမင်းထိုးကျသွားကြောင်း သိရှိရသည်။

လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဧပြီလ ၃၀ ရက်နေ့အထိ နယ်စပ်ကုန်သွယ်ရေးပမဏာမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၆၇ ဒသမ ၉၄၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၃၂၅ သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၅၀ ဒသမ ၂၇၀ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၂၈၅ ဒသမ ၆၂၀ သန်းဖြစ်ကြောင်း ၊ နယ်စပ်ကုန်သွယ်ရေးများ အမေရိကန်ဒေါ်လာ ဘီလီယံချီကျဆင်းလာကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ထွန်းအုံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ထွန်းအုံ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article