25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၆၈ တပ်စခန်းကို မြောက်ပိုင်းမဟာမိတ်တပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က သေတဲ့စစ်သား တွေရဲ့ မသာအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ညီနောင်မဟာ မိတ်တပ်ရဲ့ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး ၊ ကျောက်မဲ ၊ မိုးကုတ် စတဲ့ မြို့နယ်တွေက စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေအနေနဲ့ စစ်ရှောင်မယ်ဆိုရင် ဝန်ထမ်းသက်သေခံ အထောက် အထားတွေနဲ့ ဖုန်းအတွင်း ဌာနဆိုင်ရာလှုပ်ရှားမှုတွေ ၊ ဓာတ်ပုံစာရွက်စာတမ်းတွေကို ဖျက်ထားကြဖို့ စစ်ကောင်စီက ညွန်ကြားလိုက်ပြန်တယ်လို့ လားရှိုးမြို့နယ်နေ လ၀က ဝန်ထမ်းတစ်ဦးက ပြောထား ပါတယ်။
  • စစ်ကိုင်းမြို့နယ်က မင်းကွန်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က နယ်ထိန်းရဲအရာရှိတစ်ဦး အပါအဝင် ၃ ဦးကတော့ အသီးသီးသေကုန်ကြပြီးတဲ့နောက် ၊ မြသိန်းတန်ဘုရားမြောက်ဘက်က ရှားရောင်း ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားရာမှာ သမိုင်းဝင် မြသိန်းတန်ဘုရားကိုပါ မီးကူးစက်တာတွေ ရှိနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article