ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာအား ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၂၃
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ် သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကိုလည်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။