27 C
Yangon

စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဆိုင်ခန်းများနှင့် နေအိမ် အများအပြား မီးလောင် ပျက်စီး၊ စစ်တပ်က မီးငြိမ်းသတ်၍ မရအောင် ရေပိုက်များနှင့် မီးကြိုးများကိုလည်း ပျက်စီးခဲ့

Must read

စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဆိုင်ခန်းများနှင့် နေအိမ် အများအပြား မီးလောင် ပျက်စီး၊ စစ်တပ်က မီးငြိမ်းသတ်၍ မရအောင် ရေပိုက်များနှင့် မီးကြိုးများကိုလည်း ပျက်စီးခဲ့

■ ကျေးရွာနေပြည်သူ ၆ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဆိုင်ခန်းများနှင့် နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ မြသိန်းတန် ဘုရားအနီးရှိ ရှားရောင်းရွာ ၊ မင်းကွန်း မြောက်ရွာ နှင့် မင်းကွန်းတောင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဈေးဆိုင်များနှင့် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“မင်းကွန်းမြောက်ရွာ ဘောလုံးကွင်း အနောက်ဘက်က စည်သူလက်ဖက်ရည်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် မလှမ်းမကမ်းက အရက်ဆိုင်ကို မီးစရှို့တယ်။ စစ်ခွေးတွေက မီးမရှို့ခင် ဘီယာဗူး ၊ အရက်ပုလင်းတွေ ယူပြီး ဆိုင်ကို မီးရှို့ ယမကာဆိုင်ဘေးက ကပ်လျက် လူမနေတဲ့ အိမ်ပါ မီးရှို့ဖျက်စီးသွားတယ်။ မင်းကွန်းဆုတောင်းပြည့် မြတ်စွာဘုရား အနောက်ဘက်က ရွှေမင်းသားဖုန်းဆိုင်နဲ့ အထည်ဆိုင်၊ မင်းကွန်းတောင်ရွာက မယ်တော်ကြီးမြတ်စွာဘုရားနားက နေအိမ် ၁ အိမ်ကိုလည်း မီးရှို့တာ အကုန်ပြာကျသွားတယ်။ စစ်ခွေးတွေက မီးရှို့ပြီး ချက်ချင်းမပြန်ဘူး။ သေနတ်တွေနဲ့ အစောင့်ထား၍ မီးငြိမ်းတဲ့သူကို ပစ်မယ်ဆိုလို့ မီးတော်တော် လောင်မှ ရွာသူရွာသားတွေ ထွက်ငြိမ်းကြရတာ ရေမလာအောင် တစ်ရွာလုံးကို ရေပေးနေတဲ့ ရေပိုက်လိုင်း မီးကြိုးတွေကိုလည်း သေနတ်နဲ့ ပစ်ပြီး ဖျက်ဆီသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းကွန်းတောင်ရွာနှင့်မြောက်ရွာမှ ကျေးရွာနေ ပြည်သူ ၆ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မင်းကွန်းရဲစခန်းမှ စစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်သည် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီ တပ်သားများက စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article