31 C
Yangon

ကျောက်မဲနှင့် မိုးကုတ် တို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်သား အလောင်း ၇၀ နှင့် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၄၉ ဦး အရှင်မိ

Must read

ကျောက်မဲနှင့် မိုးကုတ် တို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်သား အလောင်း ၇၀ နှင့် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၄၉ ဦး အရှင်မိ

ရန်ကုန်၊ ဇူလိုင် ၂၃

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား အလောင်း ၇၀ နှင့် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ မှ ၂၂ နေ့အတွင်း ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ မှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နမ့်ဆီလင်းဘုန်းကြီးကျောင်းနှင့် အေးရှားဝေါတိုးဂိတ်တို့ကို တအာင်းတပ်မတော် TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲများက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား အလောင်း ၅၄ လောင်းနှင့် စစ်သုံ့ပန်း ၃၀ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် MA1 ၂၆ လက်၊ MA3 ၁၆ လက်၊ MA4 ၄ လက်၊ MA11 ၁၂ လက်၊ MA2 ၁၀ လက် ၊ ငကျည်းမီး ၁ လက်၊ 45MM ၂ လက် 120MM ၁ လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း ၈၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ မိုးကုတ်မြို့နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တအာင်းတပ်မတော် TNLA ၊ PDF (ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း၊ မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ (၇၁/၈၈) တို့ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁ လက်၊ စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁၆ လက်၊ RPG ၁ လက်၊ ၆၀မမ ၁ လက်နှင့် စစ်သား အလောင်း ၁၆ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article