28 C
Yangon

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရ

Must read

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အသက် ၅ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အသက် ၅ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာကို စစ်တပ်က လေယဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရတယ်။ အသက် ၅ လအရွယ် ကလေးတစ်ဦး ၀မ်းဗိုက်ထိမှန်တယ် ဒဏ်ရာ အခြေအနေတော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article