25 C
Yangon

စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာရှိ တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား အများအပြား သေဆုံးပြီး ထွက်ပြေးလွတ်မြောက်သူများရှိ

Must read

စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာရှိ တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား အများအပြား သေဆုံးပြီး ထွက်ပြေးလွတ်မြောက်သူများရှိ

ရန်ကုန်၊ ဇူလိုင် ၂၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးကာ ထွက်ပြေးလွတ်မြောက်သူများရှိကြောင်း စဉ့်ကူးမြို့နယ် မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ပျူစောထီး အများအပြား သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ယင်းစခန်းမှ စစ်ဗိုလ် ထက်လွင်အောင် ၊ ပျူစောထီး ခေါင်းဆောင် အောင်မင်း၊ ဘဲမှော်၊ ကျော်မင်းသူ(ထုံးကြီး) တို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေ သေဆုံးမှုများတယ်။ မစီစစ် နိုင်သေးဘူး။ ပစ္စည်းတွေလည်း သိမ်းနေတယ်။ ဒီနေ့ နံနက် ၅ နာရီလောက်မှာ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက် လိုက်တာ တော်လှန်ရေး ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးတယ်။ စစ်ခွေး ဗိုလ်ထက်လွင်အောင်၊ ပျူစောထီး ခေါင်းဆောင် အောင်မင်း၊ ဘဲမှော်နဲ့ ကျော်မင်းသူ(ထုံးကြီး)တို့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဖမ်းဆီးရမိတဲ့ ပျူခွေး ၁ ကောင်မှမရှိ ခုခံ ပစ်ခတ်လို့ အကုန်လုံးသေဆုံးတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article