25 C
Yangon

ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်ရင်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၇ ဦးသေဆုံး၊ ရေစကြို၊ ဆင်ချောင်းနှင့် ဂွေးချိုပျူစောထီးစခန်းတို့ကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၂ တပ်ရင်း အတွင်းနှင့် ခြေလျင်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေ ဆုံး ခဲ့ကြောင်း နယ်စည်းမခြား ရွှေဘိုသား – LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ကျောက်မြောင်းမြို့ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၂ တပ်ရင်းအတွင်းရှိ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်ချထားသော နေရာအား ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ Fixed Wings Drone များဖြင့် ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် အချက်ရေ အများ အပြား ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေဘို -ကျောက်မြောင်းလမ်းပိုင်းကို ခြေလျင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများ အုန်းပေါက်ရွာအနီးအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဒရုန်းတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ရက်ပေါင်း အကြမ်း ဖက်စစ်သား ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို နယ်စီးမခြားရွှေဘိုသား LPDF (Drone) တပ်ဖွဲ့ ၊ ရွှေဘို တာနောယက္ခ ဒရုန်းအဖွဲ့ (Drone)တပ်ဖွဲ့၊ Black Wolf (Drone) တပ်ဖွဲ့ နှင့် ခင်ဦးမြို့နယ် နဂါးညီနောင် (Drone) တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် နယ်စည်မခြား ရွှေဘိုသား ဒရုန်းတပ်ဖွဲ့မှ ပြုလုပ်လျက်ရှိသော ဒရုန်းကမ် ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါန် မေတ္တာရပ် လို့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာနှင့် ဂွေးချိုု ပျူစောထီးစခန်းတို့ကို ရော့ကတ် လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အ ထိုင်ချတပ်စွဲထားရာ ဆင်ချောင်းရွာနှင့် ဂွေးချိုကျေးရွာရှိ စခန်းတို့ကို ရော့ကတ်လက်နက်ကြီး ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့တစ်ရက်တည်း ဂွေးချိုရွာနဲ့ ဆင်ချောင်းရွာကို ရော့ကတ် ၅ လုံးပစ်ခတ်ခဲ့တာပါ။ ထိခိုက် သေ ဆုံးမှုကတော့ မသိရသေးပါဘူး၊ သူတို့ဘက်က အထိနာလို့ ကျနော်တို့ဘက်ကို လက်နက်ကြီး ၂ ကြိမ် ပြန်ပစ်တာပါ။ ကျနာ်တို့မဟာမိတ်ကာကွယ် ရေးအဖွဲ့က ရဲဘော်တွေအားလုံး အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ၊ Cobra One (Pakokku) ၊ Taty (Pakokku) ၊ Thurain -TR နှင့် Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ဘက်မှ လက် နက်ကြီး ၂ လုံးဖြင့် ပြန်လည် ပစ်ခတ် တိုက် ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article