25 C
Yangon

တောင်ငူ -လိပ်သိုလမ်းတွင် စစ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ ခလရ ၆၀၄ တပ်မှ စစ်သား ၂ ဦးကို ပိတ်ဆို့ဖမ်းဆီးမှု လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ တောင်ငူ -လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းနှင့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း People Defense Force Thandaung ထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၆ မိနစ်အချိန် သံတောင်မြို့နယ်၊ တောင်ငူ-လိပ်သိုလမ်း ပိုင်း ၊ ကျောက်လုံးကြီးစခန်းရှိ အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးတပ်သား ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင်လည်း အဆိုပါ ကျောက်လုံးကြီး စခန်းရှိ အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေ ဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင် လိပ်သိုမြို့မှ တောင်ငူဘက်သို့ ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တောင်ငူ -လိပ်သိုလမ်းပိုင်း တနေရာ အရောက် မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၂ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့အတူ သံတောင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၀၄ တပ်မှ စစ် သား ၂ ဦး လက်နက်ဖြင့် ထွက်ပြေးသွား လာသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ MA1 သေနတ် ၁ လက်၊ MA ကျည် ၆၀၀ တောင့် ၊ MA ကျည်‌ ဘောက် ၆ ခု၊ MA5 သေနတ် ၁ လက်၊ 9mm ကျည် ၁၀‌‌ တောင့်နှင့် MA5 magazine နှစ်ခုနှင့် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးများကို People Defense Force Thandaung -တောင်ငူခရိုင်၊ တပ်မဟာ – ၂ ၊ တပ်ရင်း ၅ လက်အောက်ခံ ၏ MLB စစ်ကြောင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article