24.9 C
Yangon

နေပြည်တော်မြို့တော်ဝန်၊ ဒုမြို့တော်ဝန် ဗိုလ်ချုပ်ဟောင်းများက ပုဗ္ဗသီရိ နှစ်ထပ်လူနေဆိုင်ခန်း ၃၃ လုံး စီမံ ကိန်းအတွက် လာဘ်ပေးလာဘ်ယူလုပ်၍ ကုမ္ပဏီ ၂ ထံသို့ တင်ဒါချပေးခဲ့ ၊ သုခတော်ဝင်အိမ်ရာစီမံကိန်း ၂ တွင်လည်း ခြစားမှု များရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

နေပြည်တော်မြို့တော်ဝန် ၊ ဒုမြို့တော်ဝန် ဗိုလ်ချုပ်ဟောင်းများ နှင့် စည်ပင်အဖွဲ့က ပုဗ္ဗသီရိနှစ်ထပ်လူနေဆိုင်ခန်း ၃၃ လုံး စီမံ ကိန်းအတွက် တင်ဒါမခေါ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်၍ ကုမ္ပဏီ ၂ ထံသို့ ဆောက်လုပ်ခွင့်ချထားပေးခဲ့ကြောင်း နေပြည်တော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နေပြည်တော်စည်ပင်မှ မြို့တော်ဝန် ဒုဗိုလ်ချုပ်ကြီးဟောင်း သန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်၊ အတွန်းဝန် မျိုးအောင်၊ ညွှန်ချုပ် ဒုဗိုလ်မှူးကြီးဟောင်း စိုးဟန်၊ ဈေးဌာနမှူး ဗိုလ်မှူးဟောင်း အောင်နိုင်မျိုးတို့က လက်ဝါးချင်းရိုက်ကာ ပုဗ္ဗသီရိမြို့နယ်တွင် နှစ်ထပ်လူနေဆိုင်ခန်း ၃၃ လုံး ဆောက်လုပ်ရေး စီမံကိန်းကို စစ်အရာရှိဟောင်းများ ပိုင်ဆိုင်သော ဘာမားပဲလေ့ နှင့် ထရမ်းပွိုင့် ကုမ္ပဏီ ၂ခုကို ရောင်းချပေးခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ခန်းများကို ပြည်သူများကို ရောင်းချပေးခြင်းမရှိဘဲ အချင်းချင်း ဝေမျှ ခွဲခြမ်းရယူခဲ့ကြကြောင်း သိရှိရသည်။

“နှစ်ထပ်ဆိုင်းခန်း ဆောက်လုပ်ခွင့်တင်ဒါရခဲ့တဲ့ ထရမ်းပွိုင့် ကုမ္ပဏီ (Trend point) ဗိုလ်မှူး သော်ဇင်ဝင်း ဦးဆောင်တဲ့ ဗိုလ်ပြုတ်တွေ ထောင်ထားတာ။ ဘာမားပဲလေ့ (Burma Palace) က ဗိုလ်မှူးကြီးဟောင်း ညွှန်ချုပ်အငြိမ်းစား မျိုးမြင့်ရဲ့ သား ပိုင်တာ။ ဆောက်လုပ်ခွင့်တင်ဒါကို ဘယ်သူကို မကြော်ငြာဘူး။ လက်သိပ်ထိုးပေးတယ်။ ဆိုင်ခန်းတွေပြီးတော့လည်း အများပြည်သူမပေးဘဲ သူတို့အချင်းချင်း ပြန်လှည့်ရောင်းယူသွားကြတာ” ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညို လမ်းဘေး(မြို့မဈေးအနီး)ရှိ သုခတော်ဝင်အိမ်ရာ၂ စီမံကိန်း တည်ဆောက်ရေးအတွက် တင်ဒါ ချထားပေးမှုများတွင်လည်း မြို့တော်ဝန် သန်းထွန်းဦးမှစ၍ ဒုမြို့တော်ဝန် မောင်မောင် အပါအဝင် စည်ပင်တစ်ဖွဲ့လုံး အကျင့်ပျက်ခြစားမှုများ ကျူးလွန်ကြကြောင်း သိရှိရသည်။

နေပြည်တော်မြို့တော်ဝန် သန်းထွန်းဦးသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပြီး အမှတ် – ၆ စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊စကခ (၁၄)မှူး စသည့် ရာထူးများ တာဝန်ယူခဲ့သော မင်းအောင် လှိုင်၏ လူယုံတစ်ဦးလည်းဖြစ်သည်။

နေပြည်တော်ဒုမြို့တော်ဝန် မောင်မောင်မှာမူ တပ်မတော်သား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် မင်းအောင်လှိုင်က လွှတ်တော်အတွင်း တာဝန်ပေးအပ်ခဲ့သော စစ်ခေါင်းဆောင်၏ လူယုံဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article