25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • လားရှိုးမြို့ နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးက MNDAA လက်ထဲကို မကျသေးဘူးဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီကို အစီရင်ခံစာတက်နပြီး မင်းအောင်လှိုင်ကလည်း ရမခ နဲ့ လားရှိုးမြို့ကို စစ်တပ်က ထိန်းထားနိုင်တုန်းပဲလို့သာ ယုံကြည်နေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရဲ့ တပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့် စစ်အရာရှိကြီးတွေ သေကုန်ကြပြီလို့ စစ်ဘက်သတင်းရင်း မြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ ဝန်ထမ်းတွေ နဲ့ အငြိမ်းစားတွေ အားလုံးကို ဩဂုတ်လ ၁ ရက်နေ့က စပြီး ငွေကျပ် သုံးသောင်းစီ ထပ်မံတိုးမြှင့်ပေးမယ်လို့ ကြေညာလိုက်ပြန်တဲ့အတွက် စစ်ကောင်စီက ငွေစက္ကူအသစ်တွေထပ်မံရိုက်ထုတ်တော့မှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှု နဲ့ ကုန်စျေးနှုန်းတွေ ထပ်မံ မြင့်တက်လာတေ့မှာကို ပြည်သူတွေက စိုးရိမ်နေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article