26 C
Yangon

မြ၀တီမြို့တွင် ရေကြီးချိန် အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အိမ်ပေါ်မှ ပြုတ်ကျပြီး ရေထဲမျှောပါ သေဆုံး

Must read

မြ၀တီမြို့တွင် ရေကြီးချိန် အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အိမ်ပေါ်မှ ပြုတ်ကျပြီး ရေထဲမျှောပါ သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ယမန်နေ့ ရေကြီးနေချိန် အသက် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အိမ်ပေါ်မှ ပြုတ်ကျပြီး ရေထဲမျှောပါ သေဆုံးသွားကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်တွင် ရေထဲမျှောပါလာသည့် အသက်မဲ့နေသော ကလေးငယ် ၁ ဦးကို ဆယ်ယူရရှိကြောင်း၊ယင်းနောက် စုံစမ်းရာ အဆိုပါ ကလေးမှာ မြ၀တီမြို့ပေါ်မှပင်ဖြစ်ကြောင်း၊ မိခင်မှာ မြို့ပေါ် ရေအနည်းငယ်ပြန်ကျသွားသည့်အတွက် ကလေးကို အိမ်ပေါ်တွင်ထား၍ အိမ်ကို ဆေးကြောနေစဉ် ကလေးငယ်မှာ အိမ်ပေါ်မှ ပြုတ်ကျကာ ရေစီးနှင့်အတူ မျှောပါသွားပြီး အသက်ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကလေးက အမှတ် ၅ ရပ်ကွက်၊ ကျွန်းတောစျေး၊ နှင်းပွင့်လိုင်လမ်းကြားမှာနေတာ။ ကလေးက ဆယ်လို့ရတဲ့အချိန်မှာ အသက်မရှိတော့ဘူး။ ရေစီးကလည်း ရေကျတဲ့အချိန်မှာ ကြမ်းတယ်” ဟု မြဝတီမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ကလေးငယ်၏ ဖခင်မှာ ထိုင်းတွင် အလုပ်လုပ်နေပြီး မိခင်ဖြစ်သူမှာ သားသမီး ၃ ဦးနှင့်အတူ နေထိုင်ကြောင်း၊ ရေနစ်သေဆုံးသော ကလေးငယ်မှာ အငယ်ဆုံးကလေးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article