26 C
Yangon

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အာဆီယံက ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန် တောင်းဆို၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ထပ်မံတိုက်တွန်း

Must read

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အာဆီယံက ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန် တောင်းဆို၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ထပ်မံတိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၂၈

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အာဆီယံက ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် ယမန်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ထုတ်ပြန်ပြောဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံတွင် ပိုမိုပြင်းထန်ပြီး မတည်မငြိမ်ဖြစ်စေသော ပြည်တွင်းစစ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံခြုံပွင့်လင်းမြင်သာစွာ ပေးအပ်နိုင်ရေး တောင်းဆိုထားသည်။

အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုကို အာဆီယံက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း၊ အကြမ်းဖက်မှုများတွင် ပါ၀င်ပတ်သက်သူအားလုံးကို အရေးယူရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း အပါအဝင် မြန်မာ့အရေး ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ဆောင်ရွက်ရန် အာဆီယံက ထောက်ခံကြောင်း၊ အထူးသဖြင့် မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့ပါ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင် အဆိုပြုမှုများရှိနေကြောင်း သိရှိရသည်။

အာဆီယံက မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးနေသော်လည်း မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များက ယခုအချိန်အထိ လျစ်လျူရှုထားကြောင်း၊ မြန်မာ့အရေးအတွက် အာဆီယံက သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံအထူးသံတမန်က ကြားဝင်ဖျန်ဖြေပေးရေး၊ အာဆီယံလမ်းကြောင်းမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးရေး၊ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ အထူးသံတမန် လာရောက်ရေးတို့ကို တောင်းဆိုထားသည်။

Foreign Ministers attend the 31st ASEAN Regional Forum at the 57th ASEAN Foreign Ministers’ Meeting at the National Convention Center, in Vientiane, Laos, July 27, 2024. REUTERS/Chalinee Thirasupa
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article