Breaking News- လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ လွတ်မြောက်လာ
ရန်ကုန်၊ ဇူလိုင် ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်း သားများနှင့် အကျဉ်းသားများ လွတ်မြောက်လာပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။
ယမန်နေ့ ခလရ ၆၈ ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သားများနှင့် အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခြင်းဖြစ် ကြောင်း သိရှိရသည်။
“ဒီမနက်ကစပြီး အကျဉ်းသားတွေ ပြန်လွတ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေရော ရိုးရိုးအကျဉ်းသားတွေရော အကုန်လွတ်ပါတယ်” ဟု အကျဉ်းဦးစီးသတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှု အသေးစိတ် အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်