25 C
Yangon

ဆင်ဖြူရှင် တံတားမှ ဝမ်ပေါင် ကုမ္ပဏီစက်ရုံ ပစ္စည်းများနှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်သင်္ဘော ၃ စီး မုံရွာမြို့ကို ရောက်ရှိလာပြီး မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

ဆင်ဖြူရှင် တံတားမှ ဝမ်ပေါင် ကုမ္ပဏီစက်ရုံ ပစ္စည်းများနှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်သင်္ဘော ၃ စီး မုံရွာမြို့ကို ရောက်ရှိလာပြီး မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်း၊ ဆင်ဖြူရှင်တံတားမှ ဝမ်ပေါင် ကုမ္ပဏီစက်ရုံ ပစ္စည်းများနှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်သင်္ဘော ၃ စီး မုံရွာမြို့ကို ရောက်ရှိလာပြီး ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝမ်ပေါင်ကုမ္ပဏီ စက်ရုံ ပစ္စည်းများနှင့် လက်နက် ရိက္ခာများ တင်ဆောင်လာသော အကြမ်းဖက် စစ်တပ်မှ ဖလပ် ၁ စီး နှင့် စစ်ရေယာဉ် ၂ စီး သည် ဆင်ဖြူရှင်တံတားမှ မုံရွာမြို့ကို ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာစဉ် မြစ်ကြောင်းတစ်လျှောက်ရှိကျေးရွာများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်းသိရှိရသည်။

“ပြည်သူတွေ ခဏလောက်တော့ ရှောင်လိုက်ရတယ်။ စစ်ခွေးတွေက ထုံးစမ်း အတိုင်းပဲ မြစ်ကြောင်း တစ်လျှောက်ကို ရမ်းပြီးကိုပစ်တာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိ အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ အခု စစ်ခွေးတွေ မုံရွာမြို့ကို ရောက်နေပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article