31 C
Yangon

မိုးကုတ်မြို့နယ်တွင် TNLA က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သုံ့ပန်း ၂ ဦး အရှင်မိကာ သေနတ် ၆ လက် သိမ်းဆည်းရရှိ၊ ကျောက်မဲနှင့်မိုးမိတ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

မိုးကုတ်မြို့နယ်တွင် TNLA က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သုံ့ပန်း ၂ ဦး အရှင်မိကာ သေနတ် ၆ လက် သိမ်းဆည်းရရှိ၊ ကျောက်မဲနှင့်မိုးမိတ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၂၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သုံ့ပန်း ၂ ဦး အရှင်မိကာ သေနတ် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုးကုတ်မြို့၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အချိုနှင့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ သေနတ် ၆ လက်၊ လက်ပစ်ဗုံး၊ RPG နှင့် ငါးကျင်းမြှီးစသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့ ဗျူဟာကုန်းတွင်လည်း ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မိုးမိတ်မြို့တွင်လည်း စကခ ၂၁ လက်အောက်ခံ ခလရ ၂၇၆ တပ်ရင်းနှင့် ညောင်ပင်ဆောက်စခန်းရှိ စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃ တပ်ရင်း တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့ရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁ လက်အောက်ခံ ခမရ ၅၀၁၊ ၅၀၂ တပ်ရင်းတို့နှင့် လွယ်ခွန်တောင်နှင့် တာဝါတိုင် စခန်း စသည့် နေရာများတွင်လည်း ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article