27 C
Yangon

လှိုင်သာယာမြို့နယ်တွင် စစ်တပ် ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း GOD’S HAND FORCES အဖွဲ့ တာဝန်ခံ ဆရာကျောင်း က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ်မှတ်တိုင် အကြားတွင် အကြမ်းဖက် စစ်တပ်၏ ပတ်ကင်းယာဉ်တန်းကို GOD’S HAND FORCES အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ GOD’S HAND FORCES အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ကျင်လည်တဲ့နေရာမှာ သူတို့အတွက် အမြဲ ထိတ်လန့်နေရမှာပါ။ ဒီနေ့ တိုက်ခိုက်မှုဟာဆိုရင် ဒီထက်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် စီစဉ်ထားတယ်။ အကြောင်းကြောင်းကြောင့် အလုံးစုံဖြစ်မသွားဘူး။ ဒါပေမယ့် မတရားတာ လုပ်တဲ့သူတွေ မဟုတ်တာလုပ်တဲ့သူတွေ အများပြည်သူကို ဒုက္ခပေးနေတဲ့သူတွေက အမြဲတမ်းတော့ ကံမကောင်းနိုင်ပါဘူး” ဟု GOD’S HAND FORCES အဖွဲ့ တာဝန်ခံ ဆရာကျောင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် ” M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး စတုတ္ထမြောက် ဖော်ဆောင်မှုဖြစ်ကြောင်း၊ အများပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံကြောင်း GOD’S HAND FORCES အဖွဲ့ တာဝန်ခံ ဆရာကျောင်း က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article