30 C
Yangon

မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်း မြိုင်မြို့နယ်၊ ကန်ကြီးကျေးရွာကို မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး လက်မောင်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေပဲ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ လာပစ်သွားတာ နမခကနေ တက်လာတဲ့ Mi 35 လေယာဉ်နဲ့ ဦး ကျော်နိုင်ဦး၊ ဦးဌေးအောင် အဲဒီနေအိမ် ၂ အိမ်ကို ပစ်သွားတာ၊ ဦးကျော်နိုင်ဦးအိမ်ကတော့ ဇကာပေါက် ဖြစ်သွားတယ်၊ အသက် ၆၀ ကျော်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးတော့ လက်ကို ထိမှန် ဒဏ် ရာရတယ်။ ပြင်းထန်ဒဏ်ရာ တော့မဟုတ်ဘူးပေါ့။ အဲဒီနားမှာရှိတဲ့ တခြားအိမ်တွေလည်း ထိတော့ ထိတယ် မများဘူး။ အဲဒီနှစ်အိမ်ကို တည်ပစ်သွားတာ၊ ဆီကား ၁ စီးလည်းထိတယ်၊ ပေပါ ကားဆို တော့ မီးလောင်တာမျိုးတော့မရှိဘူး။၊ အုတ်ကန်တွေဆိုရင် ကျည်တွေစိုက်ဝင်ထားမျိုးတွေရှိတယ်။ ပေါင် ၅၀၀ ဗုံးကျဲတာတော့မဟုတ်ဘူး။ စက်သေနတ်နဲ့ပစ်သတ်သွားတာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မွန်းလွဲ ၁ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကုန်းပလူရွာကိုလည်း အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“နောက်ထပ် ၁ နာရီကျော်ကျော်လောက်ကျတော့ ကျနော်တို့နဲ့ အလှမ်းဝေးတဲ့ ရွာတစ်ရွာကိုလည်း ထပ်ပစ်သွားသေးတယ်။ ကုန်းပလူရွာပေါ့။ အဲဒီရွာက ပျူစောထီးရွာနဲ့တော့ နီးတယ်။ မြိုင်နယ်မြောက်ပိုင်းကျတာ ပေါ့။ အဲဒါကတော့ ထိခိုက်မှုမသိရသေးဘူး။” ဟု မြိုင်မြို့နယ်တွင်နေထိုင်သော ပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article