29 C
Yangon

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရပ်ဆိုင်းရေး အိမ်နီးချင်းနိုင်ငံများက ပူးပေါင်းပါဝင်ကြိုးပမ်းကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရပ်ဆိုင်းရေး အိမ်နီးချင်းနိုင်ငံများက ပူးပေါင်းပါဝင်ကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsaက တိုက်တွန်းလိုက်ကြောင်းဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။

လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက် ရောက်ခဲ့စဉ် မီဒီယာများကို ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှ စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် အိန္ဒိယ၊ မြန်မာတို့နှင့်လည်း အလွတ်သဘော တွေကဆုံ ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာသော မြန်မာဒုက္ခသည်များကို လက်ခံထားရပြီး ဒုက္ခသည်ပြဿနာကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။

“ နိုင်ငံတွေက မြန်မာစစ်ကောင်စီနဲ့ပတ်သက်လို့ အရင်ကထက် ပိုပြီးတော့ ပွင့်လင်းတဲ့သဘောထား ရှိလာတာကြောင့် ဒါက မြန်မာ့အရေး တိုးတက်ဖို့ အခွင့်အလမ်းကောင်းလို့ ကျနော်ယုံကြည်ပါတယ်။ မြန်မာ၊ ထိုင်း၊ အိန္ဒိယ ၃ နိုင်ငံတွေ့ဆုံမှုမှာ မြန်မာ နိုင်ငံအတွက် ပိုမိုကျယ်ပြန်ပွင့်လင်းတဲ့ အစီအစဉ်တွေ ရှိလာတယ်လို့ ကျနော်ခံစားရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီများအစည်းအဝေးက မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းစွာဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးကာ အဖြေရှာကြရန် တိုက်တွန်းထားသည်။။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article