28 C
Yangon

မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော လေးရွာဆုံပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Must read

မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော လေးရွာဆုံပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လေးရွာဆုံ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Anyar Federal Task Force(AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် မြင်းခြံမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော လေးရွာဆုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာ ပြင်းထန်တယ်။ ခိုင်လုံသော သတင်းရင်းမြစ်ကနေ သိရပါတယ်။ ကျွန်တော်တို့ကိုလည်း ၆၀ မမ နဲ့ ၄ ချက် ပြန်ပစ်ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး” ဟု Anyar Federal Task Force(AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) နှင့်အတူ မဟာမိတ်အဖွဲ့များ ဖြစ်သော Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars အဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article