ရန်ကုန်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထုနှင့်အတူ တရုတ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နှင့်နိုင်ငံခြားသား ဝန်ထမ်းများကို ကာကွယ်စောင့် ရှောက် ပေးသွားမည်ဟု MNDAA က ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
MNDAA စစ်ရေးညွှန်ကြားရေးမှူးများအနေဖြင့်လွတ်မြောက်ရေးတိုက်ပွဲကြောင့် နိုင်ငံခြားရင်းနှီး မြှုပ် နှံမှုများ ပျက်စီးစေခြင်းအား ရှောင်ရှားရန် နှင့် အ မျိုးသားဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲများကို ဆင်နွှဲရာတွင် လွတ်မြောက်နယ်မြေအတွင်းရှိ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု နှင့် ဝန်ထမ်းများကို ကာကွယ် စောင့်ရှောက်နိုင်ရန်တို့အတွက် MNDAA စစ်ရေး ကော်မတီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ကောင်းမွန်စွာကာကွယ်ကြရန်၊ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးနစ်နာမှုများကို အတတ်နိုင်ဆုံးတားဆီးထိန်းသိမ်းပေးရန် ၊ပြည်သူလူထု နှင့် နိုင်ငံခြားသားများ ၏ အသက်အိုးအိမ်စည်းစိမ်များကို အကာ အကွယ်ပေးကြပါရန် MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ထို့ပြင် မဟာမိတ်အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာဆွေးနွေးပြောဆိုပြီး တရုတ်နိုင်ငံ၏ရင်းနှီး မြှုပ်နှံမှုနှင့် ဝန်ထမ်းများကိုထိခိုက်စေနိုင်သည့် လုပ်ဆောင်ရပ်များကိုဟန့်တားကြပါရန် ၊ တရုတ် နိုင်ငံ၏ အကျိုးအမြတ်ကို ထိခိုက်စေသောလုပ် ဆောင်ရပ်များကိုတွေ့ရှိပါက MNDAA စစ်ရေးကော် မတီထံသို့ အချိန်မီ တင်ပြပြီး တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းဆက်သွယ်ကြပါရန် ဆက်လက် ထုတ်ပြန်ထားသည်။
စစ်မြေပြင်အတွင်း ပိတ်မိနေသောတရုတ်နိုင်ငံသားများကို အချိန်မှီကယ်ထုတ်ကြပါရန်နှင့် ဒဏ်ရာ ရရှိနေသောတရုတ်နိုင်ငံ သားများ၊ အခက်အခဲနှင့်တွေ့ကြုံနေရသော သို့မဟုတ် ကုမ္ပဏီတိုက်ခိုက် ခံနေရသော တရုတ်နိုင်ငံသားများကို တွေ့ရှိပါက အတတ်နိုင်ဆုံးကူညီကယ်တင်ကြပါရန် MNDAA က ပြောဆိုထားသည်။
ဓာတ်ပုံ – လားရှိုးတွင် ကင်းလှည့်နေသော MNDAA အထူးရဲတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar