26 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီများ ပြတ်လပ်နေချိန် ဆီစျေးနှုန်းများ တစ်လီတာလျှင် အနည်းဆုံး ငွေကျပ် ၁၀၀ ကျော်မြင့်တက်သွား၊ ဆီဆိုင်များတွင် ဆီထည့်မည့် ကားတန်းရှည်များဖြစ်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂

မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီများ ပြတ်လပ်နေချိန် ဆီစျေးနှုန်းများမှာ တစ်လီတာလျှင် အနည်းဆုံး ငွေကျပ် ၁၀၀ ကျော် မြင့်တက်သွားကြောင်း သိရှိရသည်။

ရန်ကုန်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ယမန်နေ့ ငွေကျပ် ၂၆၃၀ ကျပ်ရှိရာမှ ယနေ့တွင် ၂၇၇၀ ကျပ်အထိ တစ်လီတာလျှင် ငွေကျပ် ၁၄၀ မြင့်တက်သွားကြောင်း၊ 95 ဓာတ်ဆီတစ်လီတာလျှင် ယမန်နေ့ ငွေကျပ် ၂၇၅၀ ကျပ်မှ ယနေ့တွင် ငွေကျပ် ၂၈၉၅ ကျပ် အထိ ငွေကျပ် ၁၄၅ ကျပ် မြင့်တက်သွားကြောင်း၊ ဒီဇယ် HSD 500 ppm တစ်လီတာလျှင် ယမန်နေ့ ၂၃၆၅ ကျပ်ရှိရာမှ ယနေ့တွင် ၂၄၅၀ ကျပ် အထိ ငွေကျပ် ၈၅ မြင့်တက်သွားကြောင်း၊ ဒီဇယ် HSD 50 ppm နှင့် HSD 10 ppm မှာ တစ်လီတာလျှင် ယမန်နေ့ ငွေကျပ် ၂၇၇၀ ကျပ်မှ ယနေ့ ၂၉၂၀ ကျပ်အထိ တစ်လီတာလျှင် ငွေကျပ် ၁၅၀ ကျပ် မြင့်တက်သွားကြောင်း သိရှိရသည်။

“ဆီစျေးတွေလည်း တက်တယ်။ ဆီလည်း လိုသလောက်မရဘူး။ ဆီဆိုင်တိုင်းလိုလိုမှာ ကားတန်းရှည်ကြီးတွေဖြစ်နေတယ်။ စျေးလည်း တက်တယ်။ မနက် ၆ နာရီအထိ ဆီဆိုတိုင်းလိုလိုမှာ ဆီမရောင်းပေးသေးဘူး။ ကားတန်းတွေက အတော်ကိုရှည်နေတာ။ ဆီစျေးတက်တာကို လုဝယ်နေရတယ်။ မနက် ၅ နာရီလောက်ကတည်းက ထတန်းစီရတာ” ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

လတ်တလော နေပြည်တော်၊ မန္တလေး အပါအဝင် အခြားမြို့ကြီးများတို့တွင်လည်း ယနေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်ပြီး စက်သုံးဆီရရှိရေး ဆီတိုင်းလိုလိုတွင် ကားတန်းကြီးများဖြစ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article