ဒီကနေ့ ဩဂုတ် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် တိုက်ပွဲတွေအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး အရှင်မိပြီး ပျူစောထီး ၁၀၀ ဦး လက်နက်ချအညံ့ခံကာ လက်နက် ၇၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း အနီးကပ်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရမခ ပင်မတိုင်းစစ်ဌာနချုပ်ရုံးနဲ့ ဗဟိုကင်းမှာပါ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
- ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့က ရေတပ်စခန်းတွေအနီး ပြည်သူတွေ ဖြတ်သန်းသွားလာတာတွေ မပြုဖို့နဲ့ ကျန်နေတဲ့စစ်စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ AA က ဩဂုတ်လ ၁ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar