29 C
Yangon

သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျ၊ ခရီးသည်တင်ကားနှင့် ကုန်ကားများ ပိတ်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကမာစိုင်ကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတားသည် မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်း၊ မွန်ပြည်နယ် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ သံကူကွန်ကရစ်တံတား အမှတ် ၃/၁၃၄ တံတားသည် မိုင်းပေါက်ကွဲသဖြင့် ကျိုးကျသွားကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် လတ်တလော ကားလမ်း ယာယီ ပိတ်ထားရပြီး ကားအသွားအလာများ ယာယီရပ်ဆိုင်းနေကြောင်း သိရှိရသည်။

“လောလောဆယ်တော့ ကားအသွားအလာတွေတော့ လုပ်မရတော့ဘူး။ ပတ်သွားလို့ရမယ့် ရွာအပြင် လမ်းကြောင်းကလည်း မိုးရွာတွေတော့ ဗွက်တွေနဲ့ ရေတွေနဲ့ဆိုတော့ သွားလာလို့မရသေးဘူး။ မြေဖို့ပြီး လမ်းပြန်ဆက်ပေးမလားတော့မသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article