ဒီကနေ့ ဩဂုတ် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တရုတ်ပိုင် နီကယ်စက်ရုံကို NUG – PDF တပ်တွေ သိမ်းပိုက်ပြီးတဲ့ နောက်မှာပဲ NUG အစိုးရကို တရုတ်ဘက်က ဆက်သွယ်ဆွေးနွေးလာတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာကို အောင်ပွဲနဲ့အတူ ပြလာတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် – PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့ NUG ကာကွယ် ရေးဝန်ကြီးဌာနကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။
- လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်း ကုတင် ၁၀၀ စစ်ဆေးရုံတပ်နဲ့ MNDAA မဟာမိတ်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရမခ တိုင်းမှုးဟောင်း ဗိုလ်ချုပ်စိုးတင့်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှုးအပါအဝင် စစ်အရာရှိတချို့ပါ သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar