26 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ပြင်းထန် ဒဏ်ရာရ

Must read

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည်မှ ၃ ရက်ခန့်ရှိပြီး လယ်သစ်ရွာသည် ရေနစ်မြုပ်နေသည့် အတွင် ရေကျသွားချိန်မှ ကျေးရွာအတွင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ပြည်သူနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေး သေဆုံးမှု အတိအကျတော့ မသိရသေးဘူး။ ၆ ကောင် လောက်ထိခိုက်မှု ရှိတယ်လို့တော့ သိရတယ်။ ထိခိုက်သူတွေထဲမှာအကောင်ကြီး ၁ ကောင်ပါတယ်။ စစ်ခွေးတွေက ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article